gender

Noun

ကျား၊ မ

  • ဇီဝဗေဒအရ သတ်မှတ်ချက်ထက် လူမှုရေးအရ သတ်မှတ် တည်ဆောက်ထားသော ယောကျာ်းနှင့် မိန်းမ တို့၏ အခန်းကဏ္ဍများ၊ ယောကျာ်း နှင့် မိန်းမတို့ အကြား လူ့အဖွဲ့အစည်းတစ်ခု အတွင်း အချိန်တစ်ခု နေရာတစ်ခု တွင် တည်ရှိသော ဆက်ဆံရေး ။ လိင် သည် ဇီဝဗေဒ အရ သတ်မှတ်ထားသော ခြားနားမှုနှင့် အခန်းကဏ္ဍများကို ရည်ညွှန်းသည် ။ သို့သော် ယောကျာ်း နှင့် မိန်းမတို့ထံမှ မျှော်လင့်သော အရည်အသွေး ၊ ကိုယ်ပိုင်လက္ခဏာများ နှင့် အမူအကျင့်များတို့သည် ပေါင်းသင်းဆက်ဆံမှု ဖြစ်စဉ်မှ ပေါ်ပေါက်သည် ။ ကျား/မ ဆိုသည် မှာ မျိုးရိုး ၊ အဆင့်အတန်း ၊ တိုင်းရင်းသားလူမျိုး၊ ကိုးကွယ်သည့် ဘာသာနောက်ခံ စသည်တို့ နှင့် နှိုင်းယှဉ်နိုင်သော ခွဲခြမ်းစိတ်ဖြာသည့် အုပ်စုတစ်ခုဖြစ်သည် ။ ယင်းကို ခွဲခြမ်း စိတ်ဖြာကိရိယာတစ်ခု အဖြစ် အလားတူ အသုံးချသင့်သည် ။ မျိုးရိုး၊ အဆင့်အတန်း ၊ တိုင်းရင်းသားလူမျိုး၊ ကိုးကွယ်သည့် ဘာသာ နှင့် ယဉ်ကျေးမှုတို့ ကဲ့သို့ ကျား /မ သည် ခွဲခြားဆက်ဆံမှု နှင့် ဖိနှိပ်မှုတို့၏ အခြေခံ အဖြစ်ရှိခဲ့ ၊ ရှိဆဲဖြစ်သည် ။ ကျား/မ ဆိုသော အခေါ်အဝေါ်သည် မိန်းမ နှင့် ယောကျာ်းတို့ အကြား ရှိသော မညီမျှမှုများအတွက် အကြောင်းပြချက် အဖြစ် ပြဆိုခြင်းခံရသည် ။ ကျား/မ ဆိုသည် က ယောကျာ်း နှင့် မိန်းမ နှစ်မျိုးစလုံးတို့၏ ရှင်သန်မှုနှင့် လှုပ်ရှားဆောင်ရွက်မှုများကို လွှမ်းမိုးမှု ရှိသော်လည်း ကျား/မ ဆိုသည်မှာ လူသား၏ လူမှုရေးကိုယ်ပိုင်လက္ခဏာတစ်ခု ဖြစ်မှုကို မကြာခဏဆိုသလို အမြင်လျှမ်းကြသည် ။ လူ့အဖွဲ့အစည်းအများစုတွင် ယောကျာ်းများသည် မိန်းမများထက် ပိုများသောရွေးချယ်စရာ ၊ ပိုများသော အခွင့်အလမ်းနှင့် လူ့အဖွဲပအစည်း၏ အရင်းအမြစ်များကို အသုံးချခွင့် ပိုမို ရရှိကြသည် ။ ဤသို့ဖြစ်ရခြင်းသည် သဘောထားများကို ပေါင်းစပ်ထည့်သွင်းထားသော ဥပဒေပြှုုမှုမူဘောင် ၊ မူဝါဒနှင့် အင်စတီကျူးရှင်းများ တို့၏ ရလဒ်ဖြစ်သည်။

grammar လိင်။

  • In French the adjective must agree with the noun in number and gender.

ယောကျာ်းဖြစ်မှု၊ မိန်းမဖြစ်မှု။

  • gender issues.

~ genders plural

    Verb

    ပွားစေသည်။ မိတ်လိုက်စပ်ယှက်တင်သည်။

      ပွားစေသည်။ မိတ်လိုက်စပ်ယှက်တင်သည်။