နာမ်

သက်ရှိသက်မဲ့၊ ဒြပ်ရှိဒြပ်မဲတို့၏ အမည်ဟူသမျှကို နာမ် ဟုခေါ်သည်။

  • နာမ်ကို အနက်အဓိပ္ပာယ်အရ မျိုးနှင့် ဖွဲ့စည်းတည်ဆောက်ပုံအရ မျိုး ခွဲသည်။
  • မောင်လှ
  • ကျောင်းသား
  • လူ
  • တိရစ္ဆာန်
  • စာအုပ်
  • ကျောင်း
  • ကား
  • မေတ္တာ
  • သတ္တိ
  • အချစ်
  • အမုန်း
  • ခွန်အား
  1. မောင်လှသည် ကျောင်းသို့ ကားဖြင့်သွားသည်။

    1. မောင်လှဟူသော အမည်သည် လူ၏အမည်ဖြစ်သည်။ လူသည် အသက် ရှိသည်။
    2. လူကို မျက်စိဖြင့် မြင်နိုင်ပြီး လက်ဖြင့် စမ်းသပ်ထိတွေ့နိုင်သောကြောင့် ဒြပ်ရှိသည်ဟု ဆိုရသည်။
    3. ထို့ကြောင့် မောင်လှဟူသော အမည်သည် သက်ရှိဒြပ်ရှိအမည်ဖြစ်သည်။
  2. ခွေးသည် ကြောင်ကို ကိုက်သည်။

    1. ကျောင်း၊ ကား ဟူသော အမည်တို့သည် အရာဝတ္ထု၏အမည်များ ဖြစ်ကြသည်။
    2. ထိုအရာဝတ္ထုများသည် သက်မဲ့များဖြစ်ကြသည်။ ထို့ပြင် ထိုအရာဝတ္ထုတို့ကို မျက်စိဖြင့်မြင်နိုင်ပြီး လက်ဖြင့် စမ်းသပ် ထိတွေ့နိုင်သောကြောင့် ဒြပ်ရှိသည်ဟု ဆိုရသည်။
    3. ထို့ကြောင့် ကျောင်းကား ဟူသော အမည်များသည် သက်မဲ့ဒြပ်ရှိ အမည်များ ဖြစ်ကြသည်။
  3. မိဘ၏မေတ္တာသည် ကြီးမားသည်။

    1. မေတ္တာဟူသော အမည်သည် မျက်စိဖြင့် ကြည့်၍လည်း မမြင်နိုင်၊ လက်ဖြင့် စမ်းသပ်ထိတွေ့၍လည်း မရနိုင်သော သဘောတစ်ခု၏ အမည်ဖြစ်သည်။
    2. ထို့ကြောင့် ဒြပ်မဲ့ အမည်ဖြစ်သည်။

အနက်အဓိပ္ပာယ်အရ

တစ်ဦးဆိုင်နာမ်

တစ်ဦး၊ တစ်ယောက်၊ တစ်ခုအတွက် သီးခြား မှည့်ခေါ်ထားသောအမည်ကို တစ်ဦးဆိုင်နာမ် ဟုခေါ်သည်။

  • ရွှေတိဂုံ
  • ရွှေစည်းခုံ
  • ရန်ကုန်
  • မန္တလေး
  • ဧရာဝတီ
  • ချင်းတွင်း
  • ငပလီ
  • ရွှေဝါချိုင်
  • မောင်းမကန်
  • မဟာဗန္တုလ
  • မောင်မျိုးတင့်
  • မအေးမြင့်
  1. ရွှေတိဂုံသည် စေတီတစ်ဆူကို သီးခြားမှည့်ခေါ်ထားသော အမည် ဖြစ်သည်။

    1. ရန်ကုန်သည် မြို့တစ်မြို့ကို သီးခြားမှည့်ခေါ်ထားသော အမည် ဖြစ်သည်။

      1. ဧရာဝတီသည် မြစ်တစ်စင်းကို သီးခြားမှည့်ခေါ်ထားသော အမည် ဖြစ်သည်။

        1. ငပလီသည် ပင်လယ်ကမ်းခြေစခန်းတစ်ခုကို သီးခြားမှည့်ခေါ်ထားသော အမည် ဖြစ်သည်။

          1. မဟာဗန္တုလသည် စစ်သူကြီးတစ်ဦးကို သီးခြားမှည့်ခေါ်ထားသော အမည် ဖြစ်သည်။

            အများဆိုင်နာမ်

            အများနှင့်ဆိုင်သောပုဂ္ဂိုလ်၊ သတ္တဝါ၊ အရာဝတ္ထုတို့၏ အမည်ကို အများဆိုင်နာမ် အများဆိုင်နာမ် အများဆိုင်နာမ် ဟုခေါ်သည်။

            • မြို့
            • အိမ်
            • ကျောင်း
            • မြစ်
            • ချောင်း
            • အင်း
            • အိုင်
            • လူ
            • ကြောင်
            • ခွေး
            1. မြို့ဟူသော နာမ်သည် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မေမြို့၊ တောင်ကြီး၊ စစ်တွေ၊ သံတွဲ၊ မော်လမြိုင်၊ ထားဝယ် အစရှိသော မြို့အားလုံးနှင့် ဆိုင်သည်။

              1. အိမ်ဟူသော နာမ်သည် ပျဉ်ထောင်အိမ်၊ တိုက်ခံအိမ်၊ အိမ်အို၊ အိမ်ဟောင်း၊ အိမ်သစ်အစရှိသော အိမ်အားလုံးနှင့် ဆိုင်သည်။

                1. ကျောင်းဟူသော နာမ်သည် အခြေခံပညာ မူလတန်းကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း၊ အခြေခံပညာ အထက်တန်း ကျောင်း၊ ဘုန်းကြီးကျောင်း၊ မယ်သီလရှင်ကျောင်း၊ ဘုရားကျောင်း အစရှိသော ကျောင်းအားလုံးနှင့်ဆိုင်သည်။

                  1. မြစ်ဟူသော နာမ်သည် ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်း အစရှိသော မြစ်ကြီးမြစ်ငယ်အားလုံးနှင့်ဆိုင်သည်။

                    1. ထိုနည်းအတူ ချောင်း၊ အင်း၊ အိုင်၊ လူ၊ ကြောင် ဟူသော နာမ်တို့သည် တစ်ဆေး၊ တစ်ယောက်၊ တစ်ခု အတွက် သီးခြားမှည့်ခေါ်ထားသော အမည်များ မဟုတ်ကြပေ။ အများနှင့်ဆိုင်သော အမည်များ ဖြစ်ကြသည်။

                  စိတ္တဇနာမ်

                  ဒြပ်မရှိ၊ ကိုင်တွယ်စမ်းသပ်၍မရ၊ မြင်လည်း မမြင်နိုင်၊ စိတ်ဖြင့်သာ တွေးတောသိနိုင်သော နာမ်ကို စိတ္တဇနာမ် ဟုခေါ်သည်။

                  • မေတ္တာ
                  • စေတနာ
                  • ဇွဲ
                  • သတ္တိ
                  • အောင်မြင်ခြင်း
                  • အချစ်
                  • အမုန်း
                  • ဝမ်းသာခြင်း
                  • ဝမ်းနည်းခြင်း
                  1. မေတ္တာဟူသော နာမ်မှာ အကောင်အထည် ဒြပ်မရှိချေ။

                    1. ကိုယ်နှုတ်အမူအရာကို ကြည့်ရှုထောက်ချင့်၍ စိတ်ဖြင့်သာ တွေးတောသိရှိရသော သဘောမျှသာ ဖြစ်သည်။
                  2. စေတနာဟူသော နာမ်မှာ အကောင်အထည် ဒြပ်မရှိချေ။

                    1. ကိုယ်နှုတ်အမူအရာကို ကြည့်ရှုထောက်ချင့်၍ စိတ်ဖြင့်သာ တွေးတောသိရှိရသော သဘောမျှသာ ဖြစ်သည်။
                  3. ဇွဲသတ္တိဟူသော နာမ်တို့မှာ အကောင်အထည် ဒြပ်မရှိချေ။

                    1. ထိုနည်းအတူ အချစ်၊ အမုန်း၊ အောင်မြင်ခြင်း၊ ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း ဟူသော နာမ်တို့မှာလည်း စိတ်ဖြင့်သာ တွေးတောသိရှိရသော သဘောများသာ ဖြစ်ကြသည်။

                  အစုပြနာမ်

                  အစုအပေါင်း၊ အသင်းအဖွဲ့၏အမည်ကို အစုပြနာမ် ဟုခေါ်သည်။

                  • တပ်မတော်
                  • လူထု
                  • ပရိဘောဂ
                  • ကောင်စီ
                  • အသင်း
                  • အဖွဲ့
                  • ကော်မတီ
                  1. တပ်မတော်ဟူသောနာမ်သည် စစ်သား တစ်ဦးတစ်ယောက်၏အမည် မဟုတ်ချေ။ စစ်သားအများအပြား ပါဝင်သော အဖွဲ့အစည်း၏ အမည် ဖြစ်သည်။

                    1. လူထုဟူသော နာမ်သည် လူတစ်ဦးတစ်ယောက်၏ အမည် မဟုတ်ချေ။ လူအများအပြား ပါဝင်သော လူစုလူဝေး၏အမည် ဖြစ်သည်။

                      1. ပရိဘောဂဟူသော နာမ်သည် စားပွဲ၊ ကုလားထိုင် စသည့် တစ်ခုစီ၏အမည် မဟုတ်ချေ။ စားပွဲ၊ ကုလားထိုင်၊ ခုတင်၊ ဗီရို အစရှိသော အသုံးအဆောင်ပစ္စည်း အစုအပေါင်း၏အမည်ဖြစ်သည်။

                        1. ထိုနည်းအတူ အသင်း၊ အဖွဲ့၊ ကောင်စီ၊ ကော်မတီဟူသော နာမ်တို့သည်လည်း လူတစ်ဦးတည်းကို သီးခြား မှည့်ခေါ်ထားသော အမည်များ မဟုတ်ကြပေ။ လူတစ်ဦးမက ပါဝင်သည့် အစုအဖွဲ့ကို သီးခြားမှည့်ခေါ်ထားသော အမည်များ ဖြစ်ကြသည်။

                      ဖွဲ့စည်းတည်ဆောက်ပုံအရ

                      ပင်ကိုနာမ်

                      မြန်မာသဒ္ဒါနည်းဖြင့် ခွဲစိတ်၍လည်းမရ၊ ပေါင်းစပ်ဖွဲ့စည်းထားခြင်းလည်းမဟုတ်၊ မူလအတိုင်းဖြစ်သောနာမ်ကို ပင်ကိုနာမ် ဟုခေါ်သည်။

                      ဂုဏ်ရည်ပြနာမ်

                      ဂုဏ်အရည်အချင်းပြပုဒ်များ၏ ရှေ့၌ဖြစ်စေ၊ နောက်၌ဖြစ်စေ၊ ပစ္စည်းဆက်၍ဖြစ်လာသောနာမ်ကို ဂုဏ်ရည်ပြနာမ် ဟုခေါ်သည်။

                      ကြိယာနာမ်

                      ကြိယာပုဒ်၏ရှေ့၌ဖြစ်စေ၊ နောက်၌ဖြစ်စေ၊ ပစ္စည်းဆက်၍ဖြစ်လာသောနာမ်ကို ကြိယာနာမ် ဟုခေါ်သည်။

                      ပေါင်းစပ်နာမ်

                      ဝိဘတ်၊ ပစ္စည်း၊ သမ္ဗန္ဓတို့ကို ကြား၌မခံဘဲ နာမ်၊ ကြိယာ၊ နာမ်စား၊ နာမဝိသေသန၊ ကြိယာဝိသေသနတို့ကို ထိုက်သည့်အားလျော်စွာ ပူးတွဲထားသော နာမ်ကို ပေါင်းစပ်နာမ် ဟုခေါ်သည်။